Episoder
-
ISP-Myanmar အနေနဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် စစ်တမ်းဖြေဆိုသူတွေရဲ့အမြင်တွေလည်း ပါဝင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အဖွဲ့သားတွေဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုကောင်းစံတို့က အခု Podcast မှာ ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုအပြင် မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း တွေကို ထိန်းချုပ်ထားနိုင်မှုတွေကိုပါ နားဆင်ကြရပါမယ်။
-
စစ်အာဏာသိမ်းမှုအလွန် နေပြည်တော်ကို သရုပ်ဖော်တဲ့အခါ နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာ လေးရပ်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်၊ အုပ်စိုးပုံစနစ်၊ အင်စတီကျူးရှင်းတွေနဲ့ ခေါင်းဆောင်မှု စတာတွေဟာ အနှစ်အသားမဲ့ "အတွင်းလှိုက်စား" (hollowed-out) ခံနေရပါပြီ။ နေပြည်တော်ပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ အယူဝါဒရေးရာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပထဝီနိုင်ငံရေးဟာလည်း သံချေးတက် သက်တမ်းကုန် ပြုန်းတီးလာပြီး ယွင်းစား (corrosion) လာနေပါပြီ။ စစ်အာဏာရှင်ကို တွန်းလှန်အံတုနေတဲ့ လူထုရဲ့ နိုင်ငံရေးလေထု၊ ဝန်းကျင်ကလည်း အပြင်းထန်ဆုံး "မုန်တိုင်းထန်" (stormy political climate) တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နေပြည်တော်ရဲ့ အခြေအနေနဲ့ "လှိုက်စား"၊ "ယွင်းစား"၊ "မုန်တိုင်းထန်" ဆိုတဲ့ ဝေါဟာရယူဆချက်သုံးရပ်အကြောင်းကို "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်မှာ ကိုကျော်ထက်နဲ့ မဆောင်းရနံ့တို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။
-
Manglende episoder?
-
မမြင်သာ ပိန်းပိတ်နေတဲ့ အာဏာရှင်စနစ်တွေကို လေ့လာကြရာမှာ ကရင်မလင်နိုလိုဂျီ (kremlinoglogy)၊ ပြုံးယမ်းဂိုလိုဂျီ (Pyongyangology) နဲ့ ပီကင်းဂိုလိုဂျီ (Pekingology) ဆိုပြီး စာပေတွေမှဖော်ပြခဲ့ကြတာ ရှိပါတယ်။ ISP-Myanmar အနေနဲ့ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့အရွေ့တွေကို နေပြည်တော်လိုဂျီ (Naypyitawlogy) ဆိုပြီး သိနားလည်ဖို့ကြိုးစားပါတယ်။ "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်ရဲ့ ဒုတိယဆွေးနွေးပွဲမှာတော့ နေပြည်တော်မှာ ရှိနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်ရေး၊ နိုင်ငံရေး စဥ်းစားချက်တွေအပြင် စနစ်၊ အစိုးရ၊ ပြည်သူလူထုထောက်ခံမှုစသဖြင့် သိုင်းဝိုင်းနေမှုတွေကို ခြုံငုံဖော်ပြလိုတာ ဖြစ်ပါတယ်။ အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။
-
ISP-Myanmar က ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းမှာ ပါဝင်ခဲ့တဲ့ ထူးခြားတွေ့ရှိချက်တွေကို ဧပြီ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဥ်မှာ ISP-Myanmar ရဲ့ China Studies Program က အဖွဲ့သားတွေဖြစ်တဲ့ မနန်းလွင်နဲ့ မရည်မွန်ဝေဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ စစ်တမ်းရဲ့ ထူးခြားတွေ့ရှိချက်တွေကို အခု Podcast မှာလည်း နားဆင် ကြရပါမယ်။
-
ISP-Myanmar ရဲ့ ဖန်တီးမှုအသစ်တခု ဖြစ်တဲ့ "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ် ကို မိတ်ဆက်ချင်ပါတယ်။ ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေပဲ တက်ရောက် ဆွေးနွေးနိုင်မယ့် ဒီအစီအစဉ်အကြောင်း အသေးစိတ်ကို အခု Podcastမှာ နားဆင်နိုင်ပါတယ်။ မိနစ် ၃၀ ပဲ ကြာမြင့်မယ့် ဒီဆွေးနွေးပွဲ အစီအစဉ်မှာ ပါဝင်ကြဖို့နဲ့ မေးခွန်းတွေ မေးကြဖို့ဖိတ်ကြားပါရစေ။
-
“စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခကို အခြေအနေသစ်တခုဆီ တွန်းပို့လိုက်ပါပြီ။ နွေဦးတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနစ် အာဏာမသိမ်းခင် အခြေအနေမျိုးကို ပြန်သွားနိုင်ရေးဆိုတာမျိုးက မဆီလျော်တော့သလို၊ “စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလိုဖြစ်ခဲ့ပါပြီ။
“စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုံးသပ်ချက်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာအကြောင်း ရေးသားဖော်ပြထားတာကို အခု Podcast မှာ နားဆင်ကြရပါမယ်။
-
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက မြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ “စစ်ဆင်ရေး ၁၀၂၇” ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း (ရှမ်းမြောက်ဒေသ)မှာ တည်ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
“စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဒုတိယမြောက်သုံးသပ်ချက်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင် တရုတ်နိုင်ငံရဲ့တုံ့ပြန်ပုံတွေအကြောင်း ပိုင်းခြားဆန်းစစ်ထားတာတွေကို အခု Podcast မှာ နားဆင်ကြရပါမယ်။
-
‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst မှာ နားဆင်ကြရပါမယ်။
-
၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast မှာတော့ ဆိုင်ကလုန်းမိုခါအပါအဝင် အယ်နီညိုသဘာဝဘေးတို့ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုတို့ကို နားဆင်ရမှာဖြစ်ပါတယ်။
-
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။
တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။
-
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
-
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
-
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
-
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉) အဖြစ် ဖော်ပြခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံတော် သာမက သာမန်လူတဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
-
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
- Vis mere