Episodes
-
ပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
-
ရေးသူပြောသူ မျှဝေယူကြတဲ့ ကဗျာလောကသဘောကို ဇောချွေးဆိုတဲ့ကဗျာနဲ့ ရှာဖွေတင်ပြထားတာမို့ သောတရှင်များ နားဆင်မှတ်သားနိုင်ပါတယ်။
-
Missing episodes?
-
ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေ(ကဗျာ့အိုးဝေ)ဟာလည်း သက်ရှိသက်သေ တစ်ဦးဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။
-
အဖ မဲ့ သားသမီးများ သားသမီးမဲ့ အမိအဖများစွာ ကျုပ်တို့ တိုင်းပြည်မှာတစ်ရက်ချင်းပိုပိုများလာကြပါတယ်။ နှစ်သစ်ကူးသည့်တိုင် ဆက်လက်တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့ အိမ်ဝေးသူရဲကောင်းများနဲ့ အနယ်နယ်အရပ်ရပ်က ချစ်မိတ်ဆွေများအတွက် ကဗျာဆရာလှိုင်းထက် ရဲ့ အဝယ်တော် ဆိုတဲ့ကဗျာလေးကို ကျနော်ငြိမ်းဝေ ခံစားတင်ဆက်လိုက်ရပါတယ်။
-
ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ဟာ "သူပုန်ဖြူ"ပါပဲ။ ကဗျာဆိုတာ ရင်ခုန်သံပါပဲလို့ ဆရာကြီး ဒဂုန်တာရာက ပြောခဲ့သလို သူပုန်ဖြူရဲ့ တော်လှန်သော ရင်ခုန်သံဟာ ငြိမ်းဝေကို လာငြိတယ် ၊ မြန်မာပြည်သူတွေကို သွားငြိတယ် ၊ ခင်ဗျားတို့ ကျွန်တော်တို့လူငယ်တွေကိုလည်း လာငြိခဲ့ပါတယ်။
နားဆင်ကြပါအုံးဗျာ။
-
ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင် အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင် အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ် ၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဥာဏ် တစ်ပိုင်းတစ်စ ကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ " စစ်ပွဲ" ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါအုံးဗျာ။
-
ကဗျာဆရာ ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ် ကဗျာ လမ်းသစ်ဖောက်ခဲ့သူ ကဗျာစွန့်ဦးဆရာတစ်ီဥးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ ကဗျာ " ပင်မှည့်တေး" ကိုခံစား တင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာ တစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစားတင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေ အတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
သောတဆင်ကြပါအုံးခင်ဗျာ။
-
ကဗျာဆရာ ငြိမ်းဝေဟာ လွန်ခဲ့သော နှစ် ၃၀ က သူကြုံဆုံခဲ့ရသော စစ်ဒဏ်သင့် ကရင်ပြည်နယ် ကြုံစိန်ရွာ မှ ငယ်ရွယ်စွာ အသက်ဆုံးပါးခဲ့ရသော ကရင် သူနာပြုဆရာမလေး နော်ဖောကေ နဲ့ ဘဝနောက်ခံတူ နိုဘယ်ဆုရ စစ်ပြေးကဗျာဆရာမ မင်ချူးရာ ရဲ့ " နယ်စပ်ကိုဖြတ်ကျော်၍" ဆိုတဲ့ ကဗျာကို ရွတ်ဆို ဝေမျှဖြစ်ခဲ့ပါတယ်။ နားဆင်ခံစားကြပါအုံးခင်ဗျာ။