Episodes

  • အားလုံးပဲ မင်္ဂလာပါ။ Change Educator ဆိုတဲ့ podcast ကနေပြီးတော့မှ မိတ်ဆွေတို့အားလုံးကို ကြိုဆိုပါတယ်။ ကျနော့နာမည် စိုင်းအောင်သိန်း လို့ ခေါ်ပါတယ်။ Magga Education မဂ္ဂပညာရေးရဲ့ co-founder ဖြစ်သလို training consultant တစ်ယောက်လဲ ဖြစ်ပါတယ်။ ကျနော်က ဒီ podcast ကို host လုပ်တဲ့သူ စီစဉ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒီ podcast ကနေပြီးတော့ မိတ်ဆွေသူငယ်ချင်းတို့ကို Trainer ဒါမှမဟုတ် educator ဒါမှမဟုတ် teacher တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အတွေ့အကြုံ၊ အမြင်သဘောထား၊ သုတေသန တွေ့ရှိချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အဓိကက ဆရာ/ဆရာမ၊ သင်တန်းဆရာ/ဆရာမ၊ သင်ကြားရေး သင်ယူရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ educator တွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ ပြုလုပ်သွားဖို့လဲ စီစဉ်ထားပါတယ်။ ကျနော် တစ်ဦးထဲ ပြောတဲ့ အစီအစဉ်တွေပါဝင်မှာ ဖြစ်သလို အခြား educator trainer တွေနဲ့ စကားပြောဆိုတဲ့ ပုံစံမျိုး၊ အင်တာဗျူးတဲ့ ပုံစံမျိုးတွေလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တကယ်လို့ ကျနော်နဲ့အတူ လေ့လာသင်ယူဖို့ စိတ်ဝင်စားတယ် ဆိုလို့ရှိရင် ဒီ podcast ကို like, share, ဒါမှမဟုတ် subscribe လုပ်ထားလို့ ရပါတယ်။

    အဓိကကတော့ ကျနော် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ သင်တန်းဆရာ အလုပ်ကနေပြီးတော့ သင်ယူရရှိခဲ့တဲ့ အရာတွေ၊ သင်ခန်းစာတွေ၊ သင်ယူမှုတွေ၊ အတွေ့အကြုံတွေကို မျှဝေသွားဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပိုပြီးတော့ ထိရောက်တဲ့ သင်တန်းဆရာ/ဆရာမ ဖြစ်လာအောင် ဘယ်လို လုပ်လို့ရသလဲ။ မတူကွဲပြားတဲ့ သင်ကြားနည်း/သင်ယူနည်း တွေက ဘာတွေလဲ။ မိမိတို့ရဲ့ သင်တန်းသူ/သားတွေရဲ့ သင်ယူမှုကို အထောက်အကူဖြစ်ဖို့ သင်တန်းဆရာတစ်ဦးအနေနဲ့ ဘယ်လို လုပ်ဆောင်လို့ ရသလဲ။ အခြား educators တွေ ဆရာတွေက ဘယ်လိုမျိုး မတူကွဲပြားစွာ သင်ယူလေ့၊ သင်ကြားလေ့ရှိသလဲ စသဖြင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

    ဒီနေရာမှာ ကျနော်ပြောတဲ့ အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီးတော့ မိတ်ဆွေတို့ အနေနဲ့ သဘောတူလို့ ရသလို၊ ချက်ချင်းလဲ သဘောတူစရာ မလိုပါဘူး။ တကယ်လို့ သဘောမတူရင်လည်း ချက်ချင်းကြီး မပစ်ပယ်ဖို့လည်း တိုက်တွန်းလိုပါတယ်။ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ၊ သင်ယူမှုတွေ၊ အခြေခံသဘောတရားတွေ၊ လက်တွေ့ကျင့်ကြံမှုတွေကို အတူတကွ မျှဝေရင်းနဲ့ တိုးတက်အောင် လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ သင်တန်းဆရာတွေအနေနဲ့ ကျနော်တို့ရဲ့ ရပ်ရွာကွန်မြူနတီ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျနော်တို့ရဲ့ သင်တန်းဆရာ/ဆရာမတွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ပေးချင်တာလဲ ပါပါတယ်။ အချင်းချင်း လာရောက်ပြီးတော့မှ မျှဝေပြီး အတူတကွ သင်ယူမှုတွေ ဖြစ်သွားဖို့ ရည်ရွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့အနေနဲ့ အခြား မတူကွဲပြားတဲ့ အိုင်ဒီယာတွေ ရှိရင်လဲ ကျနော့်ကို အကြံဥာဏ်တွေ suggestion တွေ ပေးဖို့လဲ တောင်းဆိုချင်ပါတယ်။

    စိတ်ဝင်စားပြီး လာရောက်နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ လာမယ့် အပတ် podcast တွေမှာ ပြန်လည်ဆုံတွေ့ကြရအောင်။ ကျနော်က စိုင်းအောင်သိန်းပါ။



    This is a public episode. If you would like to discuss this with other subscribers or get access to bonus episodes, visit saiaungthein.substack.com
  • Missing episodes?

    Click here to refresh the feed.