Episodes

  • ဒီလို အိုင်တီချို့ယွင်းမှုဟာ အွန်လိုင်းပေါ်က လူလိမ်တွေအတွက် အခွင့်အရေး အကြီးကြီးဖြစ်တာကြောင့် Microsoft Windows အသုံးပြုသူတွေအပါအဝင် အွန်လိုင်းကို မှီတည်ပြီး အလုပ်လုပ်သူတွေအနေနဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို သတိထားကြဖို့ ဆိုက်ဘာလုံခြုံရေးလုပ်တဲ့ ကုမ္ပဏီတွေက သတိပေးနေကြပါတယ်။

  • စစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။

  • Missing episodes?

    Click here to refresh the feed.

  • မြေပြင်သတင်းပေးပို့ချက်တွေအရ တန့်ယန်းမြို့ထဲမှာ ဝ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ လားရှိူးဘက်ကို ထွက်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တန့်ယန်းမြို့ကို ဝ တပ်တွေ ထိန်းချုပ်ထားတဲ့ သဘောလို့ ယူဆရပါတယ်။

  • အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ တို့ ရှိပါတယ်။ ဒါကြောင့် နောင်ချိုကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းကနေ အရှေ့မြောက်ဆီကို သွားမယ့် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပြန်ပါတယ်။

  • လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ ခံစားနေရသလဲ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဘယ်ဆီ ဦးတည်နေသလဲကို သိဖို့ အရေးကြီးလာသလို ကျနော်တို့ ခံစားချက်တွေဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိလာနေသလားဆိုတာသိဖို့လည်း လိုအပ်လာပါတယ်။ ဒီ အင်တာဗျူးမှာတော့ ဒီကာလမှာ လူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ၊ လက္ခဏာရပ်တွေ၊ ပြီးတော့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေး ပညာရှင် ဆရာမ ဂျူးဂျူးမင်းသူနဲ့ မေးမြန်းထားပါတယ်။

  • သံတွဲက တိုက်ပွဲတွေထဲမှာ စစ်ကောင်စီ စစ်သားအလောင်းပေါင်း ၄၀၀ ကျော်တောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သံတွဲနယ်တဝိုက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို အေအေက ကြေညာတာဖြစ်ပြီး မောင်တောဘက်မှာဆိုရင် နယ်ခြားစောင့် စခန်းတခုမှာတော့ စစ်ကောင်စီဘက်က အလောင်းပေါင်း ၃၅၀ ကျော်တောင်ရှိတယ်လို့ ဆိုပါတယ်။

  • အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဟိုးအစောပိုင်းက အုပ်ချုပ်ရေးကြေညာခဲ့တဲ့ နယ်တွေဟာလည်း အညာမှာပဲ ရှိပါတယ်။ ဒါပေမဲ့လည်း အညာဟာ ခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ကျေးရွာတွေ မီးရှို့ခံနေရဆဲ၊ သတ်ဖြတ်ခံနေရဆဲဖြစ်ပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ထက် အဖွဲ့အချင်းချင်း စည်းလုံးဖို့ကိုတောင် အရင်ဆုံးကြိုးစားရဦးမယ်လို့ မြင်နေကြသူတွေလည်း ရှိပါတယ်။ ဒီအင်တာဗျူးမှာတော့ အညာသားလည်းဖြစ် အညာရဲ့ အရေးပေါ်ကာလ ပညာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူ ကိုဗညားတိုးနဲ့ မေးမြန်းထားပါတယ်။

  • သားက တော်လှန်ရေးလုပ်လို့ မိဘနှစ်ပါးလုံးကို စစ်ကောင်စီလက်ပါးစေတွေ သတ်ဖြတ်ပစ်တဲ့သတင်းကို ကြားတော့ အမေရေ… ကျနော်ရေးနေတဲ့စာတွေကို ချုံ့ပစ်မိတယ်၊ ကြုံ့ပစ်မိတယ်။ ကျနော်က စာပဲ ရေးတဲ့အကြောင်း အမေ့ကို နားချရသေးတယ်။ အမေ့သားဟာ လက်နက်မကိုင်နိုင်ဘူး။ လက်နက် မကိုင်ရဲဘူး အမေ။ စာပဲ ရေးတတ်တဲ့သူ၊ သတင်းပဲ ရေးတတ်တဲ့သူပါ။

  • လက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။

  • ဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။

  • နွေဦးလက်နက်ကိုင် တော်လှန်ရေး အစကတည်းက အင်တိုက်အားတိုက်ရှိခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ နှောင်းပိုင်းအချိန်တွေမှာ အသံတွေ ငြိမ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ချင်းတော်လှန်ရေးအဖွဲ့တွေကြား အကွဲအပြဲတွေနဲ့ အသစ်ပေါ်လာတဲ့ ချင်းညီနောင်အဖွဲ့တို့ရဲ့ ရပ်တည်ချက်တွေက ဘာတွေလဲ။ ချင်းတော်လှန်ရေး ခု ၂၀၂၄ မှာ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ဒီအကြောင်းအရာတွေကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ အဖွဲ့ဝင်လည်းဖြစ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁)၊ မင်းတပ် ပ.အ ဖ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမန်နဲ့ မေးမြန်းထားပါတယ်။

  • ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။

  • သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။

  • ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE

  • ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။​။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။

  • ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။

  • ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

  • မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

  • မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

  • ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။