Episódios

  • ဤ podcast တွင် မြန်မာအမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများအကြောင်း ဆွေးနွေးထားပါသည်။ အထူးသဖြင့် ကုလသမဂ္ဂ၏ Commission on the Status of Women (CSW 68) တွင် မြန်မာအမျိုးသမီးများ ပါဝင်ခဲ့မှုနှင့် ၎င်း၏ အရေးပါပုံကို အသေးစိတ် ဖော်ပြထားပါသည်။ မြေပြင်မှ စုဆောင်းရရှိသော သတင်းစကားများကို နိုင်ငံတကာအဆင့်သို့ မည်သို့ တင်ပြခဲ့ကြသည်ကိုလည်း လေ့လာနိုင်ပါသည်။

  • ပြီးခဲ့တဲ့ Episode မှာ ကျွန်တော်တို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ မူဘောင်တွေနဲ့ WPS ရဲ့ မဏ္ဍိုင်ကြီး လေးခုအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီတော့ ကျွန်တော် နောက်ထပ်သိချင်တာက WPS framework မှာparticipation ဆိုတဲ့ ပါဝင်မှုကို ဘာ့ကြောင့်အရေးကြီးတဲ့ ကဏ္ဍကနေ ထည့်သွင်းခဲ့တာပါလဲ။ ဘာလို့အမျိုးသမီးပါဝင်မှုက အရေးကြီးတာပါလဲ? ဘာလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျဲန်ဒါကို ထည့်သွင်းစဉ်းစားဖို့ လိုတာပါလဲဆိုတာကို ယခု Podcast မှာ နားဆင်လို့ရပါပြီ။

  • Estão a faltar episódios?

    Clique aqui para atualizar o feed.

  • ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ UNSCR 1325 ကိုတညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ခြင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီးများနဲ့ မိန်းကလေးများ ထိခိုက်နစ်နာရတဲ့ အချိုးအဆဟာ အမျိုးသားများနဲ့ မတူညီကြောင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးနဲ့ ဂျဲန်ဒါရေးရာ တန်းတူညီမျှရေးအကြား ဆက်နွယ်ပတ်သတ်လျက်ရှိကြောင်းကို ပထမဦးဆုံအကြိမ် တရားဝင်အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ WPS agenda ဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးမှာဆိုရင် အမျိုးသမီးတွေဟာ အစဉ်အလာအရ ဘေးဖယ်ထားခြင်းကို ခံရတယ်။ ဒါပေမဲ့ စစ်တွေဖြစ်ပွါးတဲ့အခါမှာ စစ်ရဲ့ ဘေးဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးတွေက အမျိုးသားတွေနဲ့ မတူအောင်ခံစားရတယ်။ ပိုဆိုးရွားတဲ့အရာတွေကို ခံစားရတယ်။ gender specific experience တွေလည်း ရှိတယ်။ အဲဒါတွေကို မီးမောင်းထိုးပြချင်လို့ ဒီမူဘောင်တွေက သူတို့တွေရဲ့ အသံ၊ သူတို့တွေရဲ့ အတွေ့အကြုံတွေကိုနားထောင်ပါ။ နားထောင်ရုံတင်မကဘူး သူတို့တွေ ဘာဖြစ်ချင်လဲ ဘယ်လိုပြောင်းလဲချင်လဲ ဘယ်လိုပြောင်းလဲမှုတွေကို ပုံဖော်ချင်လဲ ဆိုတာတွေကို လေးစားပါဆိုတာ ဆိုတာတွေကို တရားဝင်ဖြစ်အောင် ပြုလုပ်ပြီး ဒီမူဝါဒမူဘောင်တွေထဲမှာ ရေးဆွဲထည့်သွင်းခဲ့တဲ့အတွက် ဒီမူဘောင်တွေ ပေါ်ထွက်လာခဲ့တယ်။

  • ပထမအပိုင်းနဲ့ ဒုတိယအပိုင်းတွေမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်းအရာများကို မိတ်ဆက်ပြောပြခဲ့ပြီး ဒီ WPS မူဘောင်တွေကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်ကာ မြေပြင်နဲ့ ကိုက်ညီအောင်လုပ်ဆောင်လို့ ရနိုင်မလဲဆိုတာကို မျှဝေပေးခဲ့ပါတယ်။ 

    ယခုအပိုင်းမှာတော့ စီဒေါလို့ သိကြတဲ့ “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်” “Committee on the Elimination of Discrimination against Women” (CEDAW) ကို ကျွန်တော် podcast ရဲ့ ဧည့်သည်တစ်ဦးဖြစ်တဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး တက်ကြွလှုပ်ရှားသူနှင့် အမျိုးသမီးအခွင့်အရေးအတွက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာမ မိကွန်းချမ်းနွန်မှ ဆက်လက်ပြောပြသွားမှာ ဖြစ်ပါတယ်။ 

    နိုင်ငံတကာ အမျိုးသမီးများ၏ အခြေခံရပိုင်ခွင့် အခွင့်အရေးအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည့် “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်” “Committee on the Elimination of Discrimination against Women” (CEDAW) ဆိုတာက ကျယ်ပြန့်ပြည့်စုံပြီး ဥပဒေအရ စည်းနှောင်အားရှိတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိဉာဉ်မူတစ်ရပ်ဖြစ်ပါတယ်။

    ကျား မ ရေးရာ တန်းတူညီမျှရေးကို မြှင့်တင်အားပေးသည့် လမ်းညွှန်အခြေခံမူများကို ရေးဆွဲပြင်ဆင်ပေးထားပြီး အမျိုးသမီးတွေအပေါ်မှာ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံတာတွေကို ရပ်တန့်စေဖို့ ပြုလုပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေဖြစ်ပြီး ၎င်းကို ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုထောက်ခံခဲ့ပါတယ်။

  • Episode #3: အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအကြောင်းများအပြင် ၎င်းတို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အကြောင်းအရာတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ပဋိပက္ခတွေနှင့် စစ်ပွဲတွေကို ဘယ်လိုရင်ဆိုင်နေကြရသလဲ၊ အမျိုးသမီးတွေရဲ့ အခက်အခဲစိန်ခေါ်မှုတွေ၊

    စိုးရိမ်ပူပန်မှုတွေနဲ့ သူတို့မှာရှိတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်တွေ အကြောင်းကို ယခု Podcast မှာ တင်ဆက်ပြောပြသွားမှာဖြစ်ပါတယ်။

    ယခု Episode မှာတော့ မူဘောင်ကို ဘယ်လို အကောင်အထည်ဖော်လုပ်ဆောင်လို့ရမလဲ၊ နှစ်ပေါင်း ၂၀ ကျော် နောက်ပိုင်းမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မူဘောင်ကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်ကာ မြေပြင်နဲ့ ကိုက်ညီအောင် လုပ်ဆောင်လို့ ရနိုင်မလဲဆိုတာကို မျှဝေပေးခြင်းဖြစ်ပါသည်။

  • Episode #2: အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုတာ ဘာလဲ? အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်မူဘောင်ဟာ ဘယ်ကစဖြစ်ပေါ်လာသလဲ? ဘာ့ကြောင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစား အလေးပေးဆောင်ရွက်ဖို့ အရေးကြီးတာလဲ?

    မြန်မာအမျိုးသမီး ငြိမ်းချမ််းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar - Women, Peace and Security) မှ စီစဉ်တင်ဆက်သွားမည့် ယခု Podcast အစီအစဉ်မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာများအပြင် ၎င်းတို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ အရာတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ပဋိပက္ခတွေနှင့် စစ်ပွဲတွေကို ဘယ်လိုရင်ဆိုင်နေကြရသလဲ၊ အမျိုးသမီးတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ သူတို့မှာရှိတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်တွေ အကြောင်းကို ယခု Podcast မှာ တင်ဆက်ပြောပြသွားမှာဖြစ်ပါတယ်။

    ယခု Episode မှာတော့ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးမူဘောင်တွေကို ခြုံငုံသုံးသပ်ပြီး ဒီနိုင်ငံတကာ စံနှုန်းမူဘောင်တွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရန် နိုင်ငံတိုင်းအတွက် ဘာကြောင့် အရေးကြီးသည် ဆိုတာကို ဆွေးနွေးခဲ့ကြပါသည်။

  • နိုင်ငံရေးအကျပ်အတည်း၊ ကိုဗစ်ရောဂါနှင့် ပဋိပက္ခများအတွင်း မြန်မာအမျိုးသမီးများ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးအခြေအနများနှင့် စိန်ခေါ်ချက်များ အခြေအနေကို သိရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အမျိုးသမီးခေါင်းဆောင်များကို ဖိတ်ခေါ်၍ Myanmar, Women Peace and Security အဖွဲ့ မှ ဉီးဆောင်၍ အွန်လိုင်းစကားဝိုင်းပုံစံဖြင့်တင်ဆက်ထားပါတယ်။

    အသေးစိတ်ကို အောက်ပါlinkမှာ ဝင်ရောက်နားဆင်နိုင်ပါတယ် ။