Эпизоды
-
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးထိုးကျနေချိန်မှာပဲ ဒေါ်လာပေါက်ဈေးကို လူမှုကွန်ရက်မှာ ဖော်ပြရင် အရေးယူမယ်လို့ ဗဟိုဘဏ်သတိပေး၊ ရိုဟင်ဂျာများ အကြမ်းဖက်ခံရမှုဖြစ်စဉ်အပေါ် အဖွဲ့အစည်းတွေ သဘောကွဲလွဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ အိန္ဒိယရွေးကောက်ပွဲရလဒ် မြန်မာ့အရေး သက်ရောက်နိုင်ချေ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇွန် ၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ တရေးအိပ်ပြိုင်ပွဲ၊ အသက် ၉၀ တာတိုအပြေးချန်ပီယံ ဘွားဘွား၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ လူငယ်တွေ အလုပ်အကိုင်အခွင့်အရေးရဖို့ ကူညီတဲ့အဖွဲ့နဲ့ မေးမြန်းထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီ စိန့်ပီတာဘုရားကျောင်းကို ရောက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ဒုတိယမြန်မာနိုင်ငံတော်ကြီးဆိုတဲ့ ထိုင်းနိုင်ငံမှာ မြန်မာစကားပြောလို့ ရမရဆိုတဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
Пропущенные эпизоды?
-
ဘူးသီးတောင်မှာ စစ်ရေးပဋိပက္ခကြား ဆိုးရွားတဲ့အခြေအနေ ရိုဟင်ဂျာတွေ့ကြုံနေရမှု နိုင်ငံတကာသတိပေး၊ မြန်မာနိုင်ငံမှာ ဆန်စပါး ဈေးတက်၊ ဒီလို တပတ်အတွင်းသတင်းများ၊ နိုင်ငံတကာက သတိပေးနေတဲ့ ရိုဟင်ဂျာများ ထွက်ပြေးရမှုနဲ့ စစ်သားစုဆောင်းမှုများ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ မေ ၂၅ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နယ်သာလန်နိုင်ငံမှာ ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးနေတဲ့ ပန်းချီဆရာမ နာမည်ကြီး၊ တောင်ကိုရီးယားလူရွှင်တော် ဗုဒ္ဓတရားတော်ကို EDM အီလက်ထရောနစ်အကဂီတနဲ့ ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဒူဘိုင်းမှာ အွန်လိုင်းလိမ်လည်မှုတွေ သတိထားဖို့ ပြောထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီက ရှေးအနုပညာလက်ရာတွေနဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသက တိုင်းရင်းသတင်းမီဒီယာအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
စစ်ကောင်စီအကြီးအကဲ အာဆီယံနဲ့ တွေ့ဆုံ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကူမင်းစည်းဝေးပွဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ စစ်ရေးအခြေအနေမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှု တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၈ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
သစ်ရွက်တွေနဲ့ ဆေးကုတဲ့ ဒေါက်တာမျောက်ဝံ၊ အလှဆုံး ဖူဂျီတောင်မြင်ကွင်းကို တံတိုင်းနဲ့ ဖုံးကွယ်မယ့်သူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်က အစ္စရေးဆန္ဒပြပွဲတွေ တားဆီးခံရတဲ့ကိစ္စ လူငယ်တွေအမြင် GenZ အစီအစဉ်၊ ဂျာမဏီမှာ အလည်ထွက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ မျှော်လင့်ချက်နဲ့ လက်တွေ့ ထပ်တူမကျတဲ့ လူငယ့်ဘဝအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မြန်မာဆိုက်ဘာ ဒုစရိုက်ဂိုဏ်းတွေဆီ အင်တာနက် ထိုင်းဖြတ်တောက်ဖို့ လုပ်ဆောင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှုအပေါ် တုံ့ပြန်ချက်များ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တရုတ်ရဲ့ မြန်မာအပေါ်သဘောထား တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အငိုသန်တဲ့ကလေးတွေ ဆုရမယ့် ကလေးအငိုပြိုင်ပွဲ၊ ဥရောပမှာ စင်ရော်လို အတူနိုင်ဆုံး လိုက်အော်တတ်တဲ့ ကလေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စစ်ဘေးသင့် ကလေးလူငယ်တွေ အားဖြစ်စေတဲ့ ဂီတကျောင်းလေးအကြောင်း ပြောပြတဲ့ GenZ အစီအစဉ်၊ ဂျာမနီက ဆေးပညာ ပြတိုက်ရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မဲဆောက်ကို ရောက်လာကြသူများ ရင်ဖွင့်တဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေများ ကမ္ဘာ့အဆင့် အောက်ဆုံးမှာရှိ၊ မြန်မာနိုင်ငံ အပူဒဏ် အထူးပြင်းထန်၊ ဒီလို တပတ်အတွင်း သတင်းများ၊ သတင်းလွတ်လပ်ခွင့်နေ့ အထူးစကားဝိုင်းဆွေးနွေးခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
သက်သတ်လွတ် စားစေချင်လို့ ခွေးသားရောင်းတယ် ဆိုသူများ၊ ကလေးတယောက်တည်း ရှိပေမဲ့ ကျောင်းဖွင့်ထားပြီး စာသင်ပေးနေတဲ့ ရွာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မိခင်ဘာသာစကား တတ်ထားတာ လူငယ်တွေအတွက် အထောက်အကူရတယ်ဆိုတာ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက သက်တမ်းအရင့်ဆုံး တက္ကသိုလ်ကိုသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာစကားအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့က အခြေအနေ အေးလိုက်၊ တိုက်ပွဲဖြစ်လိုက်နဲ့မို့ ဒုက္ခသည်တွေ ပြေးလိုက်၊ ပြန်လိုက်ဖြစ်၊ MNDAA က သေဒဏ်ချမှတ်ထားသူ ၃ ယောက်ကို ကွပ်မြတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အရေးယူနိုင်ခြေ မေးမြန်းခန်း လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၂၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက် ဘာလင်မြို့မှာ ဖွင့်လှစ်၊ အင်္ဂလန်ကနေ အာဖရိက နိုင်ဂျီးရီးယားကို ခရီးရှည်ကားမောင်းသူ အမျိုးသမီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဖင်လန်မှာကျောင်းတက်နိုင်ဖို့ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက ရိုမန့်တစ်နန်းတော်အရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အားပေးတဲ့အငြိမ့်၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်တွေ အင်အားအပြည့်နဲ့ ကြိုးပမ်း၊ စစ်မှုထမ်းဖို့ ခေါ်ခံရသူ ၅,၀၀၀ ရှိပြီလို့ သုတေသနအချက်အလက် ပြောကြား၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာနိုင်ငံအနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပအို၀်းပါ၀င်မှု ဆက်သွယ်မေးမြန်းချက်နဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၂၀ ရက် စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားနဲ့ အဖုံးချုပ်ထားတဲ့စာအုပ် ရောင်းချ၊ ဂျပန် တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ကချင်လူငယ်ဒီဇိုင်နာရဲ့ လက်ရာဆန်းများ GenZ အစီအစဉ် ၊ ဂျာမနီက ရေခဲတောင်ဒေသမြို့လေးကို သွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံမှာ မြန်မာကျောင်းသားတွေ ဝင်နွှဲတဲ့ သင်္ကြန်ပွဲ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၁၄ ရက်၊ ကောဇာသက္ကရစ် ၁၃၈၅ နှောင်းတန်ခူးလဆန်း ၅ ရက် မဟာသင်္ကြန်အကျနေ့ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာမှာ ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်မယ်လို့ ထိုင်းပြော၊ နေပြည်တော် အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကုလလုံခြုံရေးကောင်စီ အရေးယူနိုင်ရေးအလားအလာ ဆက်သွယ်မေးမြန်းချက်နဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲတွေ ရှုံးနိမ့်အကြိမ်အရေအတွက် အများဆုံးအမျိုးသားရဲ့ ဇွဲ၊ ချယ်ရီနဲ့ အလှဆင်ထားတဲ့ မစင်တုံး ပြတိုက်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာလူငယ်တွေ အာဖရိကနိုင်ငံတွေမှာ ရနိုင်တဲ့ အခွင့်အလမ်းများ GenZ အစီအစဉ် ၊ ဂျာမဏီက ရေခဲတောင်တွေကို ရောက်ခဲ့တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသ အေးချမ်းသာယာဖို့ အလားအလာ နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဒုတိယအကြိမ်အဖြစ် ဆွေးနွေး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ကောင်စီ အကြီးအကဲ တွေ့ဆုံ၊ ဒီလို တပတ်အတွင်း သတင်းများ၊ ရခိုင်ပြည်နယ်ပဋိပက္ခရဲ့ သတင်းထောက်မှတ်စုနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ ဧပြီ ၆ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အမေရိကန်မှာ လူကို ဝက်ကျောက်ကပ် အစားထိုးကု၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပြူတာချစ်ပ်နဲ့ ထိန်းချုပ်ပြီး အွန်လိုင်းစစ်တုရင်ကစားပြ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာနိုင်ငံမှာ မပွင့်လင်းသေးတဲ့ လိင်ပညာပေး GenZ အစီအစဉ်၊ ဂျာမနီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ ထိုင်းမှာ လုပ်ကြရတာတွေများ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၃၁၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အမေရိကန်အစိုးရ မြန်မာနိုင်ငံကူညီရေး ပါဝင်တဲ့ Burma Act ဥပဒေကို လွှတ်တော်မှာ အတည်ပြု၊ မြန်မာစစ်ကောင်စီနဲ့ ရုရှားတပ်တွေကြား စစ်ရေးပူးပေါင်းဆောင်ရွက်မယ်လို့ ရုရှားပြော၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကြားကာလ ညီညွတ်ရေးအစိုးရ NUG ကို မထောက်ခံဖို့ စစ်ကောင်စီအကြီးအကဲ တပ်မတော်နေ့ မိန့်ခွန်းပြောချိန် နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခ အရှိန်ပြင်းဆဲ သတင်းထောက်မှတ်စုနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မတ်လ ၃၀ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ယူကရိန်းစစ်သားတယောက် ရွှံ့တွေ ပြာတွေနဲ့ ပန်းချီရေးချယ်၊ ထိုင်းဝန်ကြီးချုပ်ရုံးခန်း ဒေါ်လာ ၅ သိန်းတန် ကျွဲကြီး အလည်လာ၊ ဒီလိုထူးခြားဆန်းပြားသတင်းများ၊ ပစ်ပယ်ခံ ရိုဟင်ဂျာလူငယ် ကုလစင်မြင့်ပေါ်ထိရောက် GenZ အစီအစဉ် ၊ ဂျာမဏီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၂၄၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
- Показать больше