Эпизоды
-
ဂျာမဏီက ဓာတ်ရထားမောင်းပြိုင်ပွဲ၊ ယူရို တသန်းနဲ့ ရောင်းလိုက်ရတဲ့ ဒိန်းမတ်ရှေးဟောင်း အကြွေစေ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နယ်စပ်ဒုက္ခသည်စခန်းကနေ အမေရိကန်ရောက်လူငယ်နဲ့ အကျိုးပြုလုပ်အား GenZ တွေရဲ့အမြင်၊ နောက်တော့ ဒုတိယမြန်မာနိုင်ငံကို ပြောနိုင်တဲ့ ထိုင်းရောက် မြန်မာစာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
မြန်မာနိုင်ငံအနှံ့ ရေဘေးလိုအပ်တဲ့နေရာများ အကူအညီ ရောက်ရှိဖို့လိုအပ်၊ ကိုးကန့်တပ် MNDAA က NUG နဲ့ မပူးပေါင်းဟု ကြေညာ၊ စသည် တပတ်အတွင်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေ၊ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ဖိအားနဲ့ရင်ဆိုင်နေပုံရဟု အကဲခတ်ပြောကြား မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့ ဗွီအိုအေတပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
Пропущенные эпизоды?
-
နယ်သာလန် ရေမြောင်းတုတ်ထောက်ခုန်ကျော်ပြိုင်ပွဲ၊ ပိုလန်စစ်တပ် ခွေးလေးတွေကို ရာထူးပေးခန့်အပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ အမေရိကန်ရွေးကောက်ပွဲ GenZ တွေရဲ့အမြင်၊ နောက်တော့ ဘန်ကောက်မှာ အထူးစည်ကားတဲ့ ပလာဒီယမ်ညဈေးမိတ်ဆက် နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
မြန်မာနိုင်ငံအနှံ့ ဆိုးဆိုးရွားရွား ရေဘေးကြုံလို့ အရေးပေါ်အကူအညီ လိုအပ်၊ စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေတွေ အပါအဝင် တပတ်အတွင်း ထိပ်တန်းရောင်သတင်းတွေ၊ စစ်ကောင်စီလေကြောင်းရန် ဘယ်လိုကာကွယ်နိုင်လဲ မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၁၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ဖဲချပ်တွေနဲ့ တိုက်ဆောက်သူနဲ့ ဘောလုံးကို အချိန်အကြာဆုံးတော့ပြနိုင်သူ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နယ်သာလန်မှာ ပညာသင်ဆု ရနိုင်တဲ့ အခွင့်အလမ်း GenZ အစီအစဉ်၊ နောက်တော့ နိုင်ငံရပ်ခြားကနေ မြန်မာ့အရေးကြိုးပမ်းသူ ဒေါက်တာမီမီဝင်းဘတ်အကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမဏီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
စစ်ကောင်စီအကြီးအကဲ စစ်ရှုံးနယ်မြေများ ပြန်သိမ်းပြန်ပြောပြီးမှ အရပ်သားဒေသတွေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တိုးမြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တိုင်းဌာနချုပ်တွေ လှည့်လည်စည်းရုံး၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာပဋိပက္ခ တရုတ်ရဲ့ သက်ရောက်မှု သုံးသပ်ချက် မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ပြင်သစ်နိုင်ငံမှာ အဝတ်မပါ ကိုယ်ဗလာနဲ့ သွားလို့ရတဲ့ ပြတိုက်၊ ဆံပင်အနီရောင်ရှိသူတွေကိုပဲ ဖိတ်ကြားတဲ့ပွဲ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်လာတဲ့ လူငယ်တဦးအကြောင်း GenZ အစီအစဉ်၊ နောက်တော့ နိုင်ငံခြားရောက် ရုပ်သေးသဘင်ကြည့်ရမယ့် နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
လျှပ်စစ်မီတာခတွေ ၂ ဆ တိုးမြှင့်လို၊ TNLA တိုက်ပွဲရပ်ဖို့ တရုတ်ပြော၊ ရခိုင်တိုက်ပွဲများကြောင့် ရောဂါကူးစက်မှုများ၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာနိုင်ငံ အလှည့်အပြောင်းဖြစ်ဖို့ အနေအထား နိုင်ငံရေးအကဲခတ်သုံးသပ်ချက် မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဩဂုတ် ၃၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ဘန်စကီရဲ့ ဖန်တီးမှုလက်ရာသစ် တိရိစ္ဆာန်ရုံမှာ တွေ့ရ၊ ရေချိုးကန်ကို မြစ်ထဲအလှော်ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေမှာ တွေ့ရတဲ့ အလုပ်အကိုင်အခွင့်အလန်းများ GenZ အစီအစဉ်၊ နောက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ကလေးအများစုပညာသင်ရာ စာသင်ကျောင်းအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
ရခိုင်တိုက်ပွဲများ ပိုဆိုးဖွယ်ရှိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဒေသတွင်းတာဝန်ရှိသူတွေနဲ့ တွေ့ပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်တိုက်လုပ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာနိုင်ငံအတွက် ဖရယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့တင်မလုံလောက်ပဲ ဖြစ်နိုင်ခြေရှိဟု နိုင်ငံရေးအကဲခတ်သုံးသပ်ချက် မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ ဩဂုတ်လ ၂၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အိမ်ဝယ်မယ့်သူတွေ အထူးလိုအပ်တဲ့ အိမ်စစ်မျက်မှန်၊ ဖိနပ်အရံ ၇,၀၀၀ ကျော် ပိုင်ဆိုင်သူဖွင့်မယ့် ပြတိုက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နိုင်ငံတကာက အဟောင်းဆိုင်ယဉ်ကျေးမှု မြန်မာ လူငယ်တွေ တန်ဖိုးထားဖို့ GenZ အစီအစဉ်၊ နောက်တော့ ဘန်ကောက်မှာ မြန်မာလူငယ်တွေ စုဖြစ်ကြတဲ့ တနေရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီမှာ အိမ်သစ်တက်တဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ကန်အရာရှိများနဲ့ NUG တွေ့ဆုံဆွေးနွေး၊ မြန်မာပြည်စစ်ပွဲများကို ကန့်ကွက်ကြောင်း တရုတ်သံ မြန်မာဗိုလ်ချုပ်မှူးကြီးများနှင့် တွေ့ဆုံစဉ်ပြောဆို၊ ကျပ်ငွေဈေးကျလို ထိုင်းနယ်စပ် ငွေအရောင်းအဝယ် ရပ်သွားခဲ့၊ ဒီလို တပတ်အတွင်း သတင်းများ၊ စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လူ့အခွင့်အရေး အလေးထားဖို့ လိုအပ်၊ မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မျက်မမြင်တွေကို စာဖတ်ပြနိုင်တဲ့ ဖုန်းအပလီကေးရှင်း၊ အင်ဒိုနီးရှားကျွန်းသား ရှေးဦးလူသားတွေ အရပ် ၃ ပေ ပဲရှည်လို့ သုတေသီတွေ အတည်ပြု၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ရိုးရာခြင်း အတတ်ပညာကို ထိန်းသိမ်းချင်တဲ့ လူငယ် Gen Z အစီအစဉ်၊ နောက်တော့ ထိုင်းမြန်မာနယ်စပ်က ကရင်ထမင်းဆိုင်လေးအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ည ၉ နာရီ နေဝင်အလှကို တွေ့ရမယ့် နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၁၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နယ်စပ်တည်ငြိမ်ရေး နေပြည်တော်မှာ စစ်ကောင်စီနဲ့ တရုတ်ဆွေးနွေးချိန် နယ်စပ် မူဆယ်မြို့ တိုက်ပွဲဖြစ်၊ စစ်ဘေးဒဏ်သင့် စိုးရိမ်မှုကြောင့် တပ်မိသားစု အများအပြား အပါအဝင် ပြင်ဦးလွင်မြို့ကနေ မြို့ကို စွန့်ခွာ၊ ဒီလို တပတ်အတွင်းသတင်းများ၊ အဆုံးအရှုံးတွေ များချိန် စစ်ကောင်စီထွက်ပေါက် မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ သြဂုတ်လ ၁၀ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
လမ်းပေါ်က ဆေးလိပ်အမှိုက်ကောက် AI ခွေးစက်ရုပ်၊ AI ဉာဏ်ရည်တုနဲ့ ကိုယ်လိုချင်တဲ့ ချစ်သူ ဖန်တီးနိုင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ စင်္ကာပူမှာ အလုပ်ရှာတဲ့ လူငယ်တွေ သိထားသင့်တာတွေ မေးထားတဲ့ Gen Z အစီအစဉ်၊ နောက်တော့ ထိုင်းမှာ အလုပ်လုပ်ချင်သူတွေ ပွဲစားကောင်းနဲ့ တွေ့ဖို့ ဘာ့ကြောင့်အရေးကြီးလဲဆိုတဲ့ နေရာပေါင်းစုံ အကြောင်းစုံနဲ့ တီဗွီမျှော်စင်နဲ့ အမြင့်ဆုံးဘားဆိုင်ကို သွားခဲ့တဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နိုင်ငံခြားငွေလဲနှုန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိ၊ ရန်ကုန်၊ မန္တလေးနဲ့ ဒေသအများအပြားစက်သုံးဆီရှား၊ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ စစ်ကောင်စီ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုး၊ ရှမ်းမြောက်စစ်ပွဲတရုတ်နဲ့ ‘ဝ’ တပ်စွက်ဖက်မှုစစ်ရေးကျွမ်းကျင်သူနဲ့ မေးမြန်းခန်းကို ကြည့်ရှုနိုင်ပါတယ်။
-
ဘာလင်တမြို့လုံးစီးမြင်နိုင်တဲ့ ဟိုတယ်ခေါင်းမိုးက ဒါန်း၊ ကမ္ဘာ့အကြီးဆုံးပန်းချီအဖြစ် စံချိန်ချိုးဖို့ ကြိုးစားသူ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မာစီဒီးကားပြတိုက်ကို အလည်သွားတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံက ဓမ္မကာယစေတီမှာ တွေ့ရတဲ့ မြန်မာတွေရဲ့ အလှုဒါနနဲ့ ပူဇော်မှုများအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နယ်စပ်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံနဲ့ အကျိုးစီးပွား မထိခိုက်အောင် သတိထားဖို့ တရုတ်သတိပေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်မပါဘဲ စစ်ကောင်စီအကြီးအကဲ ယာယီသမ္မတတာဝန်ယူ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များအကြား ညီညွတ်ရေးလိုအပ်ကြောင်း ချင်း ခေါင်းဆောင်ပြောကြားမှု မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင်လ ၂၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ကားမောင်းလို့ရမယ့် ရေနဲ့လေ လောင်စာ၊ ပဲစေ့မှုတ်ပြိုင်ပွဲ ဗြိတိန်မှာ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စပါကလင်ဝိုင်ချက်စက်ရုံသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ အနုပညာရှင်တဖြစ်လဲ ပန်းရံဆရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
-
သံတွဲတိုက်ပွဲနဲ့ ဒေသခံများ နောက်ဆုံးအခြေအနေ၊ တိုက်ပွဲများကြောင်း ထိုင်း၊ မြန်မာနဲ့ တရုတ်၊ မြန်မာ နယ်ခြားကုန်သွယ်လမ်းကြောင်းသစ်များ ရှာ၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကုလ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင်လ ၂၀ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
- Показать больше