Эпизоды
-
- မန္တလေးနဲ့ စစ်ကိုင်းမှာ အရေပြားယားယံတဲ့ ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေ ရှိလာနေ - ဗေဒင်ဟောကိန်းတွေကြောင့် ငလျင်ကြီး ထပ်လှုပ်မှာကို စိုးရိမ်နေကြ- ငလျင်ကြောင့် တိုက်ခန်းဆုံးရှုံးသွားသူတွေ တိုက်ခန်းပြန်ရနိုင်ဖွယ်ရှိတဲ့ ဥပဒေ- တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း လားရှိုးရောက်နေ- ထီးထဗျူဟာစခန်းကို KNLA နဲ့ပူးပေါင်းအဖွဲ့တွေသိမ်းပိုက်ပြီး စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းဆီး- ကော့ကရိတ်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ- ရုရှားရဲ့ အီစတာကာလ အပစ်ရပ်ရေး ကြေညာချက်ကို ချိုးဖောက်နေတယ်ဆိုပြီး ယူကရိန်းကရော၊ ရုရှားကပါ အပြန်အလှန် စွပ်စွဲနေကြ- နာမကျန်းဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးက လူအုပ်ကြီးရှေ့ ထွက်လာပြီး အီစတာ ဆုမွန်ကောင်း တောင်းပေးခဲ့- ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဘန်ကောက်မြို့က အထပ်မြင့်အဆောက်အဦ ဆောက်လုပ်တဲ့ ကုမ္ပဏီက လူတစ်ဦးကို ရဲက ဖမ်းဆီးလိုက်- နီပေါနိုင်ငံမှာ ဘုရင်စနစ် ပြန်တည်ဆောက်ဖို့ တောင်းဆိုဆန္ဒပြနေကြ- တောင်ကိုရီးယားမှာ လေတပ် စစ်လေ့ကျင့်ရေး လုပ်စဉ် လူနေရပ်ကွက်တစ်ခုပေါ် လက်နက်ထုပ်တွေ၊ လောင်စာဆီတိုင်ကီတွေ မှားယွင်း ချမိ
-
Пропущенные эпизоды?
-
-ဒီဇင်ဘာလရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နာမည်နဲ့ ပါတီ ပြန် မှတ်ပုံတင်ဖို့ ပြည်တွင်း ပါတီဝင်တချို့ ကြိုးစားခဲ့ - နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်ရေးဆွဲမယ် ဆိုတဲ့ စစ်ကောင်စီရဲ့ ရည်မှန်းချက် - အေအေ ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ ဗုံးကြဲခံရလို့ နှစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ - TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မန္တလေး PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျဉ်း စတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် - ငလျင်ကြောင့် စိုက်ပျိုးမြေတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးနေတဲ့အတွက် စားနပ်ရိက္ခာ ဖူလုံနိုင်ရေး အပေါ် အကြီးအကျယ် ခြိမ်းခြောက် နေတယ်လို့ ကုလသမဂ္ဂ သတိပေး - အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက်မဟုတ်တဲ့ ညှိနှိုင်းဆွေးနွေးမှု ဒုတိယ အကျော့ ကျင်းပနေ - အမေရိကန် ဒုသမ္မတ ဗန့်စ် ဗာတီကန် နန်းတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့- သီရိလင်္ကာနိုင်ငံက ဘုရားကျောင်းထဲ သေနတ်နဲ့ ဝင်ပစ်ခတ်ခဲ့သူလို့ ယူဆရသူကို ရဲကဖမ်းဆီးလိုက် - အိန္ဒိယမှာ လေးထပ်တိုက် ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံး
-
- ငလျင်အပြီး အထပ်မြင့်တိုက်တွေများတဲ့ ရန်ကုန်မြို့က အိမ်ခြံမြေအရောင်းအဝယ်စျေးကွက် အပြောင်းအလဲ- ယူကရိန်းအရှေ့မြောက်မှာ ရုရှားရဲ့ မစ်ဆိုင်းဒုံးတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃၀ ကျော် သေဆုံး- အီလက်ထရောနစ်ပစ္စည်းတွေကို အခွန်မကောက်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို တရုတ်ကြိုဆို- တရုတ်ပိုင် သံမဏိစက်ရုံလုပ်ငန်းကို ကြားဝင်လွှဲယူခဲ့တာနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရ ရှင်းပြ- အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာစီတီးမြို့က တစ်ခုတည်းကျန်တဲ့ ဆေးရုံထိခိုက်ပျက်စီး- ပြင်သစ်ကနေ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ ဝင်လာသူအရေအတွက် စံချိန်တင် မြင့်မား
-
- ငလျင်ဒဏ်သင့် နေပြည်တော်မှာ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေး စိုးရိမ်နေကြ- မလှိုင်နဲ့ ဝမ်းတွင်း အပါအဝင် မြို့အတော်များများမှာ နောက်ဆက်တွဲငလျင်တွေ လှုပ်ခဲ့- ငလျင်ဒုက္ခသည်တွေ အမိုးအကာအောက် အမြန်ရောက်ရေး၊ သောက်သုံးရေ၊ အိမ်သာနဲ့ ဆေးဝါး၊ ကျန်းမာရေး လိုအပ်ချက်တွေ- ငလျင်အပြီး သီတင်းနှစ်ပတ်ကြာ မန္တလေးမြို့က လက်ရှိအခြေအနေ- ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ငလျင်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အခြေအနေ- ယူကရိန်းနဲ့ ငြိမ်းချမ်းရေးယူဖို့ စိတ်မဝင်စားဘူးလို့ ရုရှား ဝေဖန်ခံနေရ- ရုရှားနိုင်ငံကို အမေရိကန် အထူးကိုယ်စားလှယ် ရောက်ရှိလာ- အမေရိကန် ကုန်တွေအပေါ် တရုတ်က အခွန် ၁၂၅ ရာခိုင်နှုန်း ချမှတ်လိုက်- အစုရှယ်ယာစျေး အတက်အကျ မြန်နေတာကြောင့် ကမ္ဘာ့ရွှေစျေး ထိုးတက်- တောင်ကိုရီးယားသမ္မတဟောင်း သမ္မတအိမ်တော်ကနေ ပြောင်းရွှေ့ထွက်ခွာ
-
ဧပြီလ ၁၀ ရက်၊ ကြာသပတေး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်- မြန်မာနိုင်ငံတွေ့ကြုံ ခံစားရတဲ့ ငလျင်ကြီး အတွက် နိုင်ငံတကာ စာနာမှု အကူအညီတွေ အများအပြား လိုနေတယ် ဆိုပြီး မြေပြင်က ငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ တွေ့ဆုံ အပြီးမှာ ကုလ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ နိုင်ငံတကာကို ပန်ကြား- ဆေးဝါးတွေ၊ သန့်ရှင်းတဲ့ရေတွေနဲ့ ယာယီ ခိုလှုံနေထိုင်ဖို့ နေရာတွေ ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ မစ္စ ဘိရှော့ မီးမောင်းထိုး ပြောရင်းမှာပဲ၊ အပစ်ရပ် ကတိကဝတ်တွေ ဆက်ထိန်းထားကြဖို့နဲ့ ရေရှည် ငြိမ်းချမ်းရေး အတွက် ရည်မှန်းကြဖို့လည်း တိုက်တွန်း- မြေပြင်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရော၊ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေရော ဆက်လက်ရှိနေ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ဆိုင်းဇန်ရွာကို ဒီကနေ့ ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦးသေဆုံး။ သေဆုံးတဲ့အထဲ ကလေးငယ်တွေလည်း ပါဝင်ပြီး မိသားစုဝင် ၆ ဦး နေရာမှာတင် သေဆုံးခဲ့တာလို့ CNDF ပြော- မနေ့ ဧပြီ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာထဲကို စစ်တပ်က လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ယောက် သေဆုံးခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တချို့ အတည်ပြု- မန္တလေး၊ စစ်ကိုင်း တို့လို ငလျင်ဒဏ်သင့် နေရာတွေမှာ ထိခိုက် ပျက်စီးခဲ့တဲ့ လူနေ အိုးအိမ်တွေ ဖြိုချ ရှင်းလင်းရေးမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ တခါ .... ကူညီရေးတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဆိုပြီး ပြည်တွင်း အရပ်ဖက် အဖွဲ့တွေကြား ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့တစ်ခု ဖွဲ့နိုင်ဖို့ရာ ရန်ကုန်မှာ ဒီကနေ့ ဆွေးနွေး၊ အမရပူရဘက်က ရွာပေါင်း ၁၀ ရွာလောက်ကို သွားပြီး လိုအပ်ချက်တွေ ဆန်းစစ်ကြည့်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ တဖွဲ့က ဦးဆောင်သူ တယောက်နဲ့ ဘီဘီစီမေးမြန်းခန်းနဲ့ အပစ်ရပ်ကြေညာပြီးတဲ့နောက် ဆက်ဖြစ်နေတဲ့ စစ်ရေး အခြေအနေတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်း အသေးစိတ် သတင်းပေးပို့ချက်တို့လို သတင်းလွှာတွေ၊ မေးမြန်းခန်းတွေ နားဆင်ရဖို့ ရှိနေသလို .....- တရုတ် တစ်နိုင်ငံတည်းကို ကွက်ချန်ပြီး ထပ်တိုး သွင်းကုန် အခွန် စည်းကြပ်မှုတွေကို ထရမ့်က ဆိုင်းငံ့လိုက်တဲ့နောက် ကမ္ဘာ့ စတော့ စျေးကွက်တွေမှာ ရှယ်ယာတန်ဖိုးတွေ ပြန်တက်လာတဲ့ အကြောင်း၊ တရုတ်ကတော့ ထရမ့်ကို မျက်နှာ အောက်ချ ခယမှာ မဟုတ်ဘူး .... သူတို့ တန်ပြန် ချမှတ်တဲ့ အခွန် နှုန်းထားတွေကိုလည်း ဖယ်ရှယ်ပေးမှာ မဟုတ်ဘူး ဆိုပြီး ဆက်လက်ရပ်တည် နေတဲ့ အကြောင်း အပါအဝင် ထိပ်တန်း နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက် ပေးထားပါတယ်။- အင်တာနက်နှင့် ဆက်သွယ်ရေး လမ်းကြောင်းတွေ နေရာအနှံ့ ပြတ်တောက်နေချိန်၊ ရေဒီယို ထုတ်လွှင့်မှု အပေါ် အများပြည်သူ အားကိုးနေကြရတဲ့ အတွက် အဲဒီ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ရာ ဘီဘီစီမြန်မာပိုင်းရဲ့ ညပိုင်း ရေဒီယို ထုတ်လွှင့်မှု အစီအစဥ်ကို ဧပြီ ၁ ရက် က စလို့ ညစဥ် မိနစ် ၃၀ အထိ တိုးချဲ့ ထုတ်လွှင့် ပေးနေပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်https://bbc.in/36H8bsYညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်https://bbc.in/2TSNLYZအသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -https://bbc.in/36EzLXM#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ယာယီ ခိုလှုံရေး စခန်းတွေ ပြုလုပ် ထားပေမဲ့ သွားရောက် နေထိုင်သူ မရှိသလောက် ဖြစ်နေတာတွေ့ရ၊ အကူအညီပေးလိုသူတွေနဲ့ အကူအညီလိုအပ်နေသူတွေကြား အချိတ်အဆက်မရှိ ဆက်ဖြစ်နေ- နိုင်ငံတကာက ပေးတဲ့ ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော် လက်ခံရရှိထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမဲ့ဒီလှုဒါန်းကူညီမှုတွေကို ဘယ်လို စီမံခန့်ခွဲနေပြီး၊ ဘယ်ဝန်ကြီးဌာနတွေက အဓိက ကိုင်တွယ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရ- အင်းဝမြို့ဟောင်းမှာ ငလျင်ကြီးကြောင့် ထပ်ပြီး ပေါ်လာတဲ့ သရက်ကင်းလှေကားနဲ့ ရေနန်းတော် အကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်နဲ့ မေးမြန်းခန်း- အမေရိကန်ရဲ့ စည်းကြပ်ခွန် တိုးမြှင့်တာဟာ ငလျင်ဒဏ်က ရုန်းထရမယ့် မြန်မာအတွက် ပိုပြီး အနာတရ ဖြစ်စေမယ် ဆိုပြီး မြန်မာနိုင်ငံထဲက အထည်ချုပ် လုပ်ငန်းရှင်တွေ ထုတ်ပြန်၊ မြန်မာပြည်က သွင်းကုန်တွေ အပေါ် အမေရိကန်က ၄၄ ရာခိုင်နှုန်း အခွန် တိုးမြှင့်တာ မနက်ဖြန် ဗုဒ္ဓဟူး နေ့ဆိုရင် စတင် သက်ရောက် လာတော့မယ်၊ အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီးငယ် အများစု ဖြစ်တဲ့ လူပေါင်း ၅ သိန်းကျော်ကို အလုပ်အကိုင် ပေးထားပြီး အဲဒီ အလုပ်အကိုင် အခွင့်အလမ်းတွေ ထိခိုက်လာဖွယ်ရှိ
-
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တချို့ စတင်ပြီး နေရပ်ပြန်နေကြပြီ- စစ်ကောင်စီရဲ့ တရားဝင်စာရင်း အရ ငလျင်ကြောင့် လူပေါင်း ၃,၅၆၀ သေဆုံးကြောင်း အတည်ပြုထား- ပြန်လည် ထူ ထောင်ရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေပြီလို့ စစ်ကောင်စီက ပြောပေမယ့် မြေပြင် လက်တွေ့ အခြေအနေ ဘယ်လို ရှိလဲ၊ ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လို ရှိလဲ သတင်းလွှာ အရှည်တွေ နားဆင်ရဖို့ ရှိသလို- လားရှိုး ကနေ MNDAA ကိုးကန့်တပ်တွေ ဧပြီ ၂၁ ရက်နေ့စပြီး ဆုတ်ခွာတော့မယ့် အကြောင်း ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့ချက်နဲ့ - ထိပ်တန်း နိုင်ငံတကာ သတင်းတွေ အနေနဲ့ ထရမ့်ရဲ့ နိုင်ငံခြား သွင်းကုန် အခွန်တိုးမှုရဲ့ နောက်ဆက်တွဲ ကမ္ဘာတလွှား ရင်းနှီးမြှုပ်နှံသူတွေ စျေးကွက်အပေါ် ယုံကြည်မှု ပျက်ပြီး စတော့ စျေးတွေ ထိုးကြနေတဲ့ အကြောင်း နားဆင်ရဖို့ ရှိပါတယ်။-----အင်တာနက်နှင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ နေရာအနှံ့ ပြတ်တောက်နေချိန်၊ ရေဒီယိုထုတ်လွှင့်မှု အပေါ် အမားပြည်သူ အားကိုးနေကြရတဲ့ အတွက် အဲဒီ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ရာ ဘီဘီစီမြန်မာပိုင်းရဲ့ ညပိုင်း ရေဒီယို ထုတ်လွှင့်မှု အစီအစဥ်ကို ဧပြီ ၁ ရက် က စလို့ ညစဥ် မိနစ် ၃၀ အထိ တိုးချဲ့ ထုတ်လွှင့် ပေးနေပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://bbc.in/2TSNLYZမနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3dhUMdA-----မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/2AjWc8Cညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
အရင် သဘာဝဘေးတွေမှာ စစ်ကောင်စီက လူမှုကယ်ဆယ်ရေး အကူအညီတွေကို ပိတ်ဆို့ တားမြစ်တာ ရှိခဲ့ဖူးတယ် ၊ စစ်တပ်က စာနာမှု အကူအညီတွေကို လက်နက် သဖွယ် အသုံးချလေ့ ရှိတယ် ၊ ပြည်သူတွေ ငလျင်ဒဏ် ခံနေရချိန်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ရပ်ထားသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြောကြား - ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အအုံ ပြိုကျစဉ် ကိုယ်တွေ့ကြုံရသူရဲ့ ပြန်ပြောပြချက်နဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေမှု အခြေအနေကို ဘီဘီစီ သတင်းထောက်ရဲ့ တိုက်ရိုက် သတင်းပေးပို့ချက် - တူရကီမှာ အစ္စတန်ဘူးလ် မြို့တော်ဝန်ကို ဖမ်းထားမှုအပေါ် မကျေနပ်လို့ ဆန္ဒပြပြီး ရွေးကောက်ပွဲ စောကျင်းပပေးဖို့ တောင်းဆိုနေတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။-----ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါတယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/liveradio-----ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j-----ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
-
- ပြင်းအား ၇ ဒဿမ ၇ ရှိငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့ပြီး လူသေဆုံးမှုတွေ ဆက်တိုက် တိုးလာနေ- တိုင်းနဲ့ပြည်နယ် ၆ ခုမှာ အရေးပေါ် ကြေညာထား- နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လှုပ်လာနိုင်တယ်လို့ သတိပေးထား- ငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေ ယာယီပိတ်လိုက်- ထိုင်းနိုင်ငံမှာ အရေးပေါ် ငလျင်သတိပေးချက်ထုတ်ပြန်- လက်ဘနွန်နဲ့ ဆီးရီးယားအကြား နယ်စပ်လုံခြုံရေး သဘောတူချက် လက်မှတ်ရေးထိုး- အစ္စရေးကို ဦးတည်ပြီး ရော့ကက်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်
- Показать больше