Folgen
-
နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားနဲ့ အဖုံးချုပ်ထားတဲ့စာအုပ် ရောင်းချ၊ ဂျပန် တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ကချင်လူငယ်ဒီဇိုင်နာရဲ့ လက်ရာဆန်းများ GenZ အစီအစဉ် ၊ ဂျာမနီက ရေခဲတောင်ဒေသမြို့လေးကို သွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံမှာ မြန်မာကျောင်းသားတွေ ဝင်နွှဲတဲ့ သင်္ကြန်ပွဲ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၁၄ ရက်၊ ကောဇာသက္ကရစ် ၁၃၈၅ နှောင်းတန်ခူးလဆန်း ၅ ရက် မဟာသင်္ကြန်အကျနေ့ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာမှာ ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်မယ်လို့ ထိုင်းပြော၊ နေပြည်တော် အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကုလလုံခြုံရေးကောင်စီ အရေးယူနိုင်ရေးအလားအလာ ဆက်သွယ်မေးမြန်းချက်နဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
Fehlende Folgen?
-
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲတွေ ရှုံးနိမ့်အကြိမ်အရေအတွက် အများဆုံးအမျိုးသားရဲ့ ဇွဲ၊ ချယ်ရီနဲ့ အလှဆင်ထားတဲ့ မစင်တုံး ပြတိုက်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာလူငယ်တွေ အာဖရိကနိုင်ငံတွေမှာ ရနိုင်တဲ့ အခွင့်အလမ်းများ GenZ အစီအစဉ် ၊ ဂျာမဏီက ရေခဲတောင်တွေကို ရောက်ခဲ့တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသ အေးချမ်းသာယာဖို့ အလားအလာ နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဒုတိယအကြိမ်အဖြစ် ဆွေးနွေး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ကောင်စီ အကြီးအကဲ တွေ့ဆုံ၊ ဒီလို တပတ်အတွင်း သတင်းများ၊ ရခိုင်ပြည်နယ်ပဋိပက္ခရဲ့ သတင်းထောက်မှတ်စုနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ ဧပြီ ၆ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အမေရိကန်မှာ လူကို ဝက်ကျောက်ကပ် အစားထိုးကု၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပြူတာချစ်ပ်နဲ့ ထိန်းချုပ်ပြီး အွန်လိုင်းစစ်တုရင်ကစားပြ၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာနိုင်ငံမှာ မပွင့်လင်းသေးတဲ့ လိင်ပညာပေး GenZ အစီအစဉ်၊ ဂျာမနီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ ထိုင်းမှာ လုပ်ကြရတာတွေများ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၃၁၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အမေရိကန်အစိုးရ မြန်မာနိုင်ငံကူညီရေး ပါဝင်တဲ့ Burma Act ဥပဒေကို လွှတ်တော်မှာ အတည်ပြု၊ မြန်မာစစ်ကောင်စီနဲ့ ရုရှားတပ်တွေကြား စစ်ရေးပူးပေါင်းဆောင်ရွက်မယ်လို့ ရုရှားပြော၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကြားကာလ ညီညွတ်ရေးအစိုးရ NUG ကို မထောက်ခံဖို့ စစ်ကောင်စီအကြီးအကဲ တပ်မတော်နေ့ မိန့်ခွန်းပြောချိန် နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခ အရှိန်ပြင်းဆဲ သတင်းထောက်မှတ်စုနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မတ်လ ၃၀ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ယူကရိန်းစစ်သားတယောက် ရွှံ့တွေ ပြာတွေနဲ့ ပန်းချီရေးချယ်၊ ထိုင်းဝန်ကြီးချုပ်ရုံးခန်း ဒေါ်လာ ၅ သိန်းတန် ကျွဲကြီး အလည်လာ၊ ဒီလိုထူးခြားဆန်းပြားသတင်းများ၊ ပစ်ပယ်ခံ ရိုဟင်ဂျာလူငယ် ကုလစင်မြင့်ပေါ်ထိရောက် GenZ အစီအစဉ် ၊ ဂျာမဏီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၂၄၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မြန်မာ့အရေး နိုင်ငံတကာ အာရုံစိုက် ကိုင်တွယ်ရင် အခြေအနေဆိုးကို ရှောင်ကွင်းနိုင်ဟု ကုလ ကိုယ်စားလှယ်ပြော၊ စစ်မှုထမ်းဖို့ ကြေညာကတည်းက ပြည်ပကို ထွက်ခွာသူ ၄ ဆ မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ တရုတ်နယ်စပ်ကုန်သွယ်ဂိတ်တွေ ပြန်မလည်ပတ်နိုင်သေး ဒီလို လယ်ယာစီးပွား သတင်းတွေ၊ နောက် NUG ဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းခန်း တို့ကို ၂၀၂၄ မတ်လ ၂၃ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ကမ္ဘောဒီးယားမှာ သတို့သမီး ချီပိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ အမျိုးသားတွေ ဓမ္မတာ နာကျင်မှု ဝေဒနာ ခံစားကြည့်နိုင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ စစ်မက်ပဋိပက္ခကြား သတင်းရယူတင်ပြပေးတဲ့ လူငယ်သတင်းထောက်များ GenZ အစီအစဉ်၊ ဂျာမဏီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာတွေအတွက် သောကအမောတွေ ဖြေနိုင်ဖို့ ပီတီအိမ် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၁၇၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။ -
ရန်ကုန်မြို့နယ်တချို့ စစ်မှုထမ်းရမဲ့စာရင်း စတင်ကောက်ခံသတင်း မမှန်ကြောင်း စစ်ကောင်စီ ငြင်းဆို၊ ကချင် စစ်ကောင်စီတပ်စခန်းတွေ KIA သိမ်းပြီး စစ်တပ်က လေကြောင်းစစ်ထိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်သတင်းများ၊ တိုက်ပွဲတွေကြောင့် သီးနှံပို့ကုန်တွေ ဈေးကျ ဒီလို လယ်ယာစီးပွား သတင်းတွေ၊ နောက် ရခိုင်တိုက်ပွဲ အရှိန်မြင့်တာနဲ့အမျှ ဒေသခံတွေအပေါ် ထိခိုက်မှု တိုး သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ မတ်လ ၁၆ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။ -
ဒူဘိုင်းက မိုးပျံဂျက် ပြိုင်ပွဲ၊ ၁၃ နှစ်သား မက်ဆီရဲ့ လက်သုပ်စက္ကူပုဝါပေါ်က ဘာကာနဲ့စာချုပ်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ နိုင်ငံရေးစင်မြင့်မှာ လူငယ်တွေ နေရာယူဖို့ ဘာတွေလိုလဲ မေးထားတဲ့ GenZ အစီအစဉ် ၊ ဂျာမဏီတက္ကသိုလ်မှာ အလုပ်သင် နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကိုရီးယားရောက် မြန်မာတွေအတွက် ဝန်ဆောင်မှုတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၁၀၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မြန်မာအပါအဝင် ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ကြောင်း တရုတ်ပြော၊ ရှမ်းမြောက် ၃ မြို့ စစ်အုပ်ချုပ်ရေး ကြေညာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ တိုက်ပွဲတွေကြောင့် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေး ကျဆင်း လယ်ယာစီးပွားသတင်းတွေ၊ နောက် စစ်မှုထမ်းဥပဒေရိုက်ခတ်မှု တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၄ မတ်လ ၉ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
ဂျပန်မှာ အမျိုးသမီးတွေပါဝင်တဲ့ ကိုယ်လုံးတီး ပွဲတော်၊ ရေခဲပြင်အောက် မီတာ ၁၄၀ အနက်အထိ ဘာအထောက်အကူမှမပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်တဲ့ အမျိုးသမီး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ထိုင်းမှာ ကျောင်းတက်ချင်သူတွေ GenZ အစီအစဉ် ၊ အမဲလိုက်နန်းတော်နဲ့ လေဟာပြင်ဈေးသွားမဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကိုရီးယားရောက် မြန်မာများဆုံဆည်းရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၃၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
မြန်မာ့အရေး စင်္ကာပူ၊ ထိုင်းနဲ့ ဩစတြေးလျတို့မှာ ဆွေးနွေး၊ ရခိုင် စစ်တွေမြို့ ဈေးထဲ လက်နက်ကြီးပစ်ခတ်မှု စစ်ကောင်စီငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ စိန်တလုံးသရက်သီး ပြည်ပကို တွင်တွင်ကျယ်ကျယ်တင်ပို့ရေးစီစဉ် လယ်ယာစီးပွားသတင်းတွေ၊ နောက် စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ မြန်မာတွေ အဝင်များတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ပိုကြပ် သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ မတ်လ ၂ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အောက်အီးအီးအွတ် မအော်တတ်တဲ့ ကော်ဆိုဗိုက ကြက်မည်းအမျိုးအစား၊ တကောင်တည်းနေပြီး ကိုယ်ဝန်ရှိတဲ့ ငါးမကြီး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ အမေရိကန်မှာ ကျောင်းတက်ဖို့ ကြိုးစားနေသူတွေအတွက် GenZ အစီအစဉ်၊ အိုင်းစတိုင်း မွေးဇာတိကို သွားကြည့်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာတွေရဲ့ ဆေးခြောက်စိုက်ခင်းဆီ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျာမနီက နိုင်ငံတကာလုံခြုံရေး ညီလာခံ တက်ရောက်ဆွေးနွေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ ပြည်ပပို့ကုန် ဝင်ငွေမူဝါဒအပြောင်းအလဲ လယ်ယာစီးပွား သတင်းတွေ၊ နောက် စစ်မှုထမ်းဥပဒေပြဌာန်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုများ သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၂၄ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အသည်းပေးတဲ့ မဲရုံ၊ မီးခြစ်ဆံမျှော်စင် ကမ္ဘာ့စံချိန်ချိုး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ပညာရဲရင့် ပွဲလယ်တင့်တဲ့ မြန်မာလူငယ်ရဲ့ နည်းပညာပြိုင်ပွဲအကြောင်း GenZ အစီအစဉ်၊ ဂျာမနီမြို့တွေဆီ အလည်ခေါ်သွားမယ့် နော်သဇင်ရဲ့ Vlog၊ နောက်တော့ တောင်ကိုရီးယားရောက် မြန်မာတွေရဲ့ နွေဦးအားမာန် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၈၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
နိုင်ငံသားတိုင်းစစ်မှုထမ်းဥပဒေ အသက်သွင်းတာဟာ စစ်တပ်ရဲ့ အားပျော့မှုကို ပြတယ်လို့ ဝေဖန်မှုတွေရှိ၊ ရခိုင်မှာ AA ရခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေ ပိုအရှိန်မြင့်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်သတင်းများ၊ ဈေးနှိမ်ခံရတဲ့ မြန်မာ့ရာဘာအကြောင်း လယ်ယာစီးပွားသတင်းတွေ၊ နောက် စစ်မှုထမ်းဥပဒေပြဌာန်းမှု နိုင်ငံတွင်း ဘယ်လိုရိုက်ခတ်မှုတွေဖြစ် သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၇ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
လေထဲက ဒေါင်လိုက် စန္ဒာယား၊ အမေရိကန် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ ရည်စားဟောင်း ရည်စူးသင်းကွပ်တဲ့ အစီအစဉ် လူကြိုက်များ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ လူငယ်တွေအတွက် ONS တညတာ နေထိုင်မှု သတိပြုစရာတွေ မေးထားတဲ့ GenZ အစီအစဉ် ၊ ဂျာမနီမြို့တွေဆီ အလည်ခေါ်သွားမဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက်မြန်မာကလေးငယ်တွေအတွက် ကျောင်းစာသင်နိုင်တဲ့ နေရာတခုအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၁၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
-
အာဏာသိမ်းမြန်မာနိုင်ငံအခြေအနေ ကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်နေလို့ သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက် တနှစ်သက်တမ်းတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် ဆန္ဒပြနှိမ်နိင်းမှုအတွင်း ဖမ်းခံရတဲ့ လူငယ်တွေ ကလေးစစ်သားအဖြစ် စစ်တပ်ခေါ်ယူမှု တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
- Mehr anzeigen